Home
မြန်မာသတင်း
ကျိုင်းတုံမြို့အနီး မြေငလျင်လှုပ်
DVB
·
October 12, 2022
311299797_2376810195807378_8251177828056678620_n

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်မှာ  အောက်တိုဘာ ၁၂ ရက်က အင်အားရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိ  အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မနက် မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၀၂)မိနစ်၊ (၄၁)စက္ကန့်အချိန် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၂၁ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ကျိုင်းတုံမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀ အကွာ၊ မြောက် လတ္တီတွဒ်  ၂၁ ဒသမ ၂၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်  ၉၉ ဒသမ ၉၀  ဒီဂရီ၊ အနက် ၆ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ငလျင်နဲ့ ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု  သတင်းတွေကတော့ မရရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024