ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်၊ အောက်တိုဘာ ၁၁ ရက် ဒီနေ့မနက်က နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပပါတယ်။
ထိုင်းနဲ့ မြန်မာ သံဃာတော်အပါး ၁၀၀၀ လောက်က မဲဆောက်မြို့တွင်း ရဲစခန်းရှေ့၊ မဲဆောက်မြို့ပိုင်ရုံးရှေ့၊ ယာဥ်ထိန်းရဲစခန်းအရှေ့၊ ဟုန်လုံစျေးဆိုင်ရှေ့တွေနဲ့ မြို့တွင်းလှည့်လည် အလှူခံထွက်ရာမှာ ထိုင်းနိုင်ငံသားတွေရော မဲဆောက်ရောက် မြန်မာနိုင်ငံသားတွေပါ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြပါတယ်။
မဲဆောက်မြို့မှာ ဘာသာရေးအရ နှစ်စဉ်ကျင်းပတဲ့ရှိတဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲဟာ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ပြီးခဲ့တဲ့ ၂ နှစ်လောက် မကျင်းပဖြစ်ရာကနေ အခုနှစ်မှာ ပြန်လည်ကျင်းပတာ ဖြစ်ပါတယ်။