Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ဆင်လီရွာရှိ နေအိမ်များကိုဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းများယူဆောင်
DVB
·
October 8, 2022
310829388_3238354436421810_7260052995606117736_n

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဆင်လီရွာဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က  ကျေးရွာရှိ စျေးဆိုင်တွေ၊ နေအိမ်တွေကို ဖျက်ဆီးဖောက်ထွင်းဝင်ရောက်ကာ အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားကြတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

"ကျနော်တို့ရွာကို စစ်တပ်က စစ်ကြောင်းထိုးလာတော့ လမ်းမှာ KIA၊ PDF ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်။ အဲ့လိုဖြစ်တော့ ကျနော်တို့ နမ္မတူဘက်ကို ထွက်ပြေးတိမ်းရှောင်တယ်။ စစ်ကြောင်းက ရွာထဲဝင်တော့ ဆိုင်ခန်းတွေနဲ့ နေအိမ်တွေကိုဖောက်ပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အ ကုန်ယူသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ကျေးရွာမှာကျန်ရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး ပြည်သူပိုင်ပစ္စည်းတချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

"ရွာမှာကျန်ခဲ့တဲ့ နွားနဲ့ ဝက်၊ ကြက်တွေ သတ်စားထားတာတွေ့တယ်။ တချို့ကိုတော့ ပစ်သတ်ခဲ့တယ်။ ကားနဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှို့သွားခဲ့တယ်" လို့ ဒေသခံက ပြောပါတယ်။

ဆင်လီကျေးရွာဘက်ကို ပြီးခဲ့တဲ့ စက်တင်ဘ‌  ၂၉ ရက်ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး အောက်တိုဘာ ၆ ရက်နေ့မှာ ပြန် လည်ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ် လပ်ရေးတပ်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်တပ်သားတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်က ဆင်လီရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ ကာလအတွင်း ဆင်လီ၊ ကုန်းကယား၊ လီဆူရွာကျေး ရွာက ပြည်သူ ၃၃၀ ကျော်ဟာ နမ္မတူမြို့ဘက်ကို တိမ်း ရှောင်နေရပါတယ်။

လက်ရှိမှာတော့ အဲ့ဒီကျေးရွာက စစ်ဘေးရှောင်တွေ စစ်ကောင်စီတပ်က ဖိအားပေးမှုကြောင့် နေရပ်ပြန်ကြပြီးဖြစ်တယ်လို့ နမ္မတူဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024