မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ တောင်သူလယ်သမား အရေးတက်ကြွလှုပ်ရှားသူ ကိုအေးသိန်းကို အောက်တိုဘာ ၆ ရက်က အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ဒဏ် ၂၁ နှစ် ထပ်မံ အမိန့်ချလိုက်ပါတယ်။
ကိုအေးသိန်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)/၅၁(ဂ) တို့နဲ့လည်း မန္တလေးခရိုင်တရားရုံးမှာ တရားစွဲဆိုထားပြီး ပုဒ်မ ၅၀ (ည) အတွက် ၁၃ နှစ်၊ ပုဒ်မ ၅၁ (ဂ) အတွက် ၈ နှစ်တို့ကို သီးခြားကျခံဖို့ အမိန့်ချခဲ့တာလို့ တရားရေးအသိုင်းအဝိုင်းက သိရပါတယ်။
ကိုအေးသိန်းဟာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း နေအိမ်တခုမှာ ရှိနေစဉ် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပုဒ်မ ၅၀၅ - က နဲ့ ကနဦး တရားစွဲဆိုခံခဲ့ရတာပါ။
ဒါ့အပြင် ပုဒ်မ ၅၀၅ - က နဲ့ ထောင်ဒဏ် ၃ နှစ် ကျခံဖို့ မေလ ၁၇ ရက်နေ့က ထောင်တွင်းတရားရုံးမှာ အမိန့်ချခံခဲ့ရပြီးဖြစ်ပါတယ်။