မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ မော်လမြိုင်ပွင့်နေခြည် ဇာတ်သဘင် အဖွဲ့ကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ်တဦးအပါအဝင် ၇ ဦး သေဆုံးကာ ၁၀ ဦးထက်နည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြဝတီလူမှုအဖွဲ့တွေဆီက သိရပါတယ်။
မော်လမြိုင်ပွင့်နေခြည် ဇာတ်သဘင်အဖွဲ့ဟာ မြဝတီမြို့ကို ပွဲကဖို့သွားရာ အောက်တိုဘာ ၅ ရက်နေ့ ညနေ ၄ နာရီလောက်က အာရှလမ်းမှာ ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့တာပါ။
ကားပေါ်မှာ လူ ၂၈ ဦး လိုက်ပါစီးနင်းလာပြီး ၂ နှစ်အရွယ် မိန်းကလေး ၁ ဦးနဲ့ အမျိုးသား ၆ ဦး စုစုပေါင်း ၇ ဦးသေဆုံးသွားတာလို့ မြဝတီလူမှုကူရေးအဖွဲ့တွေဆီက သိရပါတယ်။
ရုပ်အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေးအသင်းတွေက မြဝတီဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။