ထိုင်းတောင်ပိုင်း အကျဉ်းထောင်အသီးသီးကနေ ပြစ်ဒဏ်ကင်းလွတ်လာတဲ့ မြန်မာနိုင်ငံသား ၁၇၈ ဦးကို ထိုင်းအာဏာပိုင်တွေက အောက်တိုဘာ ၂ ရက်က မြန်မာပြည်ကို ပြန်ပို့ခဲ့တယ်လို့ ရနောင်းဒေသသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ အလုပ်သမား ဥပဒေချိုးဖောက်မှုတွေနဲ့ အရေးယူခံရသူတွေဖြစ်ပြီး အခုခါမှာ လွတ်ရက်စေ့တာကြောင့် ထိုင်းအာဏာပိုင်နဲ့ မြန်မာအလုပ်သမားသံအရာရှိတွေ ပေါင်းပြီး ရနောင်းဆိပ်ကမ်းကနေ စက်လှေတွေနဲ့ တနင်္သာရီတိုင်း ကော့သောင်းမြို့ကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြန်ပို့ခံရသူတယောက်က သူဟာ ပွဲစားအဆက်အသွယ်နဲ့ ဝင်လာခဲ့ကြောင်း၊ ထိုင်းကို သူတို့နဲ့လာရင် အဖမ်းမခံရဘူးလို့ ပြောတာကြောင့် လိုက်လာခဲ့ပေမဲ့ အဖမ်းခံရပြီး အဖမ်းခံရတော့ ပွဲစားက ဘာမှမကူညီပေးဘူးလို့ သတင်းထောက်ကို ပြောပါတယ်။
နောက်ထပ်ပြန်ပို့ခံရသူတဦးကလည်း “ပြန်ပို့တော့လည်း ပြန်ရတာပေါ့။ မြန်မာပြည်မှာက တိုင်းပြည်အခြေအနေမကောင်း၊ ရှာစားရမလွယ်လို့ ပြန်လာဦးမှာဖြစ်ကြောင်း၊ ဒါပေမဲ့ တရားဝင် အလုပ်သမားကတ်လုပ်ပြီးမှပဲ ပြန်လာမယ်”လို့ ပြောပါတယ်။
ကိုးကား - ရနောင်းသတင်း