Home
သတင်းဓာတ်ပုံ
သြစတြေးလျရောက် ရဝမ်တိုင်းရင်းသားများ ကျေးဇူး​တော်ချီးမွမ်းပွဲကျင်းပ (ဓာတ်ပုံ)
DVB
·
October 2, 2022
309635155_467867828719235_1649432062297142383_n
309258980_467867655385919_4691179098574789716_n
309118114_467868072052544_4709135945173259730_n
308019788_467867875385897_2776757415648174689_n
307769532_467867588719259_1816049896975349889_n

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မြောက်ဖျားကနေ ရွှေ့ပြောင်းလာတဲ့ ရဝမ်လူမျိုးတွေ  စု​ဝေးပြီး ကျေးဇူး​တော်ချီးမွမ်းပွဲအစီအစဥ်တခုကို သြစတြေးလျနိုင်ငံမှာ ၂ ရက်တာပြုလုပ်သွားပါတယ်။

ဒီအစီအစဉ်ကို သြစတြေးလျနိုင်ငံမှာရောက်ရှိနေတဲ့ ရ၀မ်လူမျိုးတွေစုဝေးပြီး စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၁ ရက်အထိ နယူးဆောက်ဝေးလ်ပြည်နယ်၊ ဂန်းဒဂိုင်းမြို့လေးမှာ ပြလုပ်ခဲ့တာပါ။

ကျေးဇူး​တော်ချီးမွမ်းပွဲကိုလာရောက်တဲ့ ရဝမ်တိုင်းရင်းသူတဦးက “ ရဝမ်မိသားစု​တွေ ဩစတြေးလျကို လာရောက်ခိုလှုံခွင့်ရတာဟာ ကျမတို့​​ တော်လို့တတ်လို့ ဒီလိုတိုးတက်တဲ့ နိုင်​ငံကို ရောက်ရှိလာတာမဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့ကိုလက်ခံတဲ့​ ဒေသခံ​တွေကိုလည်း ကျေးဇူးတင်တယ်။ အထူးသဖြင့်ပို့​ဆောင်​ပေးတဲ့ ဘုရားသခင်ကို” လို့ပြောပါတယ်။

အစီစဥ်​တွေမှာ လူငယ်ရော လူကြီးတွေပါ သီချင်းသီဆို၊ ရိုးရာအက၊ ဖျော်ဖြေရေးနဲ့ အား​ပေးစကား​ပြောတာတွေ၊ နုတ်ကပတ်​တော်နားထောင်တာနဲ့ ​ ကျေးဇူး​တော်ချီးမွမ်းတာတွေကို အတူတကွစုပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့လည်းဆိုပါတယ်။

ဒီအစီအစဉ်ကို ​ဒေသခံ သြစတြေးလျနိုင်ငံသားတွေနဲ့ တာဝန်ရှိလူကြီးတချို့လည်း လာရောက် အားပေးခဲ့ကြပြီး သြစတြေးလျနိုင်ငံတ၀ိုက်က ရ၀မ်လူမျိုးတွေအပါအဝင် လူပရိသတ် ၅၀၀ လောက် စုဝေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024