Home
မြန်မာသတင်း
စစ်ကောင်စီ ဝင်းကလောဂိတ်စခန်း စီးနင်းခံရ
DVB
·
October 1, 2022
309419301_1985161411814784_1806061110881679837_n

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကလောကျေးရွာလမ်းဆုံရှိ စစ်ကောင်စီဂိတ်စခန်းကို အောက်တိုဘာ ၁ ရက်နေ့ မနက် ၅ နာရီလောက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ကောင်စီဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ပြီးနောက် ဝင်ရောက် စီးနင်းခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတဲ့အတွက် ဂိတ်စခန်းတခုလုံးကို KNLA ပူးပေါင်းတပ်ဖွဲ့ဝင် ဝင်ရောက်စီးနင်းရှာဖွေခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတဲ့အတွက် ဂိတ်စခန်းထဲမှာ ကျန်ရှိခဲ့တဲ့ ဆိုလာ ၂ ချပ်အပါအဝင် အသုံးအဆောင် ပစ္စည်းတချို့ကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တာပါ။

စစ်ကောင်စီဂိတ်စခန်း ဝင်ရောက်စီးနင်းခံရပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ခမရ (၂) တပ်ရင်းနဲ့ အမှတ် (၆၀၂) ဒုံးတပ်ရင်းတွေကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ပေမယ့် KNLA ပူးပေါင်းအဖွဲ့က ထိခိုက်မှု တစုံတရာ မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပါတယ်။

စစ်ကောင်စီ ဝင်းကလောဂိတ်စခန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်နီးပါး လာရောက် ကင်းချနေထိုင်နေတဲ့ ဂိတ်စခန်းတခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၂ ဦး သေဆုံးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024