Home
မြန်မာသတင်း
မြိုင်မြို့နယ်၌ စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းနင်းမိပြီး ကလေးငယ် ၁ ဦးသေဆုံး
DVB
·
October 1, 2022
307329237_189507690212806_7681795661963122979_n

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက  စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မိုင်းနင်းမိလို့ အသက် ၅ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကျောက်ခွက်ကျေးရွာမှာ  ပြီးခဲ့တဲ့ ဇူလိုင်လက စစ်ကောင်စီတပ်က ဝင်ရောက်ကာ ရေနံမှော်တွေနဲ့ နေအိမ်တွေမီးရှို့ဖျက်ဆီးပြီး အိမ်ခြံဝင်းအတွင်း ထောင်ထားခဲ့တဲ့ မိုင်းထိမှန်ကာ  အသက် ၅ နှစ်သား   စိုင်းဝေယံ (ခ)မောင်စိုင်းဟာ မိုင်းထိဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ ဒေသခံ ရွာသားတယောက်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ဇူလိုင်လမှာ စစ်ကောင်စီတပ်က ရွာထဲမှာ လေးငါးရက် တပ်စွဲပြီး  ရေနံမှော်တွေနဲ့ နေအိမ်တွေကို မီးရှို့တယ်။ အခုမိုင်းပေါက်ကွဲတဲ့အိမ်ကလည်း သူတို့မီးရှို့လို့ အဖြစ်ပြန်ဆောက်ပြီး နေထိုင်ကြတာ။ အိမ် မီးရှို့အပြီး ခြံဝင်းထဲက  ဘုရားစင်အောက်မှာ မိုင်းထောင်ခဲ့တာ။ ကလေးက အဲ့ဒီမိုင်းကိုသွားနင်းမိတာ။”

စိုင်းဝေယံ(ခ)မောင်စိုင်းဟာ နေအိမ်ခြံဝင်းအတွင်း  မွန်းတည့် ၁၂ နာရီလောက်က  ဆော့ကစားနေစဉ် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရကာ မြိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် နေ့လယ် ၃ နာရီလောက်က သေဆုံးခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်လောက်ဟာ ခွက်ကျေးရွာအတွင်းက ဒေသခံတွေရဲ့ တနိုင်တပိုင် ရေနံတွင်း ၁၃၀ ကျော် ကို မီးရှို့ ဖျက်ဆီးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024