စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့အနီး အင်အားရစ်ချ်တာစကေး ၅ ဒသမ ၈ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု စက်တင်ဘာ ၃၀ ရက်မနက်က လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။
ဒီနေ့မနက် မြန်မာစံတော်ချိန် မနက် ၄ နာရီ၊ ၅၂ မိနစ်၊ ၃၆ စက္ကန့်အချိန် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်ဘက် ၄၁ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း မင်းကင်းမြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၁၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၈)ဒီဂရီ၊ အနက် (၁၅၇) ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်ခတ်သွားတာလို့ဆိုပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မကြားသိရသေးပါဘူး။