ရန်ကုန်မြို့၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက် ဝေဘာဂီလမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဒီကနေ့ စက်တင်ဘာ ၂၈ ရက် နေ့လယ် ၃ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့ပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေသူ တယောက်က ပြောပါတယ်။
“လူနာတင်ကားသုံးစီး လာတာတွေ့တယ်။ ကျနော့်အရှေ့မှာ သယ်သွားတာ ကောင်လေးတယောက်နဲ့ အဒေါ်ကြီးတယောက်၊ ငါးဦးဒဏ်ရာရတယ်လို့ ကြားတယ်။ နောက်သုံးယောက်က စစ်သားလား အရပ်သားလားတော့ မသိဘူး။”
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီကားတွေ၊ ရဲကားတွေ ရောက်လာပြီး အုပ်ချုပ်ရေးမှူးရုံး အနီးတဝိုက်က ဆိုင်တွေကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ ရပ်မိရပ်ဖတေယာက်က ပြောပါတယ်။
“ထိတာ ယေကျ်ားလေးတယောက် မိန်းမတယောက်လို့ပြောတယ်။ ကျန်တာတော့ မသိဘူး။ ရပ်ကွက်တူပေမဲ့ လမ်းမတူတော့ သွားလို့မရဘူး။”
မနေ့ညပိုင်းကလည်း လှိုင်မြို့နယ် EPC ရုံးမှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂၈ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု အကြိမ် ၄၀ ဖြစ်ခဲ့ပြီး ၁၀ ယောက် သေဆုံးခဲ့ပြီး ၂၄ ေယာက် ဒဏ်ရာရရှိခဲ့ပါတယ်။