Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲ တိုက်ခိုက်ခံရသဖြင့် ၃ ဦး သေဆုံး
DVB
·
September 25, 2022
309139603_193825876437170_4062148808833768934_n

မကွေးတိုင်း မြိုင်မြို့နယ်မှာ စက်တင်ဘာလ ၂၅ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲ တိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးကာ ၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

မြိုင်မြို့နယ် ကျောက်ခွက်ရွာဘက်ကို ဒီနေ့ မနက် ၁၁ နာရီခွဲလောက်က အင်အား ၆၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မြိုင် ပ.က.ဖ က မိုင်းပွိုင့် အကြီး ၂ ပွိုင့်နဲ့ တိုက်ခိုက်ခဲ့တယ်လို့  မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

မြိုင်မြို့နယ်ထဲကို အင်အားအလုံးရင်နဲ့ စစ်ကြောင်းထိုးပြီး ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတာကြောင့် မြိုင် ပ.က.ဖ အနေနဲ့ အမြစ်ပြတ် တိုက်ခိုက် ခြေမှုန်းသွားမယ်လို့ ဆိုပါတယ်။

မိုင်းခွဲခံရအပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပေမဲ့ ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီမိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်က  သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024