ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စစ်ရှောင်ပြည်သူ ၄၀၀ ကျော်ဟာ အစားအစာနဲ့ ဆေးဝါးတွေ အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေထံက သိရပါတယ်။
မိုးစစ်၊ ရေလဲ၊ ဆင်တပ်ကျေးရွာတွေက စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၁၀၈ စုရှိပြီး လူဦးရေ ၄၀၀ ကျော်ခန့်ဟာ စစ်ရှောင်ပြည်သူတွေဟာ ရွှေကူမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေပေါ်မှာ ယာယီတည်းခို စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်ပြည်သူ တစ်ဦးက "တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာ ၃ ရွာက ဒေသခံ ၄၀၀ ကျော်လောက် အခုစစ်ဘေးရှောင်နေရတယ်။ ရွှေကူမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ယာယီတည်းခိုကြတယ်။ အိုးပစ်အိမ်ပစ် ပြေးလာရတာဆိုတော့ အစားအစာနဲ့ ဆေးဝါးပစ္စည်း အဓိက လိုအပ်နေပါတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်PDF တို့ဟာ စက်တင်ဘာ ၂၂ ရက်က မိုးစစ်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ ရွာသားတချို့ထိခိုက်ဒဏ်ရာရသွားတဲ့အပြင် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။