မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ နယ်မြေရှင်းလင်းရေး လှည့်လည်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ စက်တင်ဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီက မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
စစ်ကောင်စီအဖွဲ့ကို ရုံးပင်ကျေးရွာနဲ့ သဖန်းကိုင်းကျေးရွာကြားမှာ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ MDYPDF Mongoose Squadron တပ်ခွဲ၊ ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပဒေသာမိုင်းခွဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မိုင်းခွဲတိုက်ခိုက်အပြီး ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး မသိရသေးဘူးလို့ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မတ္တရာမြို့နယ် ဖယောင်းတောင် ရွှေလုပ်ကွက် အရှေ့တည့်တည့်နဲ့ ဇီးဖြူပင်ကျေးရွာ အရှေ့ မိုးကုတ်-ပြင်ဦးလွင်လမ်းနဲ့ ချိတ်ဆက်နေတဲ့ တောထဲမှာ မနေ့က လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့ သိရပါတယ်။