Home
မြန်မာသတင်း
ကျောက်တော်မြို့နယ်၌ စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ပြည်သူ ၄ ဦး ဒဏ်ရာရ
DVB
·
September 21, 2022
307647604_192347843251640_6996373591990522836_n

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာမှာ စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ကျောက်တော်တပ်မရဲ့ တဖက်ကမ်းမှာရှိတဲ့ နဂရာကျေးရွာကို ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ  ကျေးရွာနေ မိသားစုဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့တာလို့ နဂရာကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

လက်နက်ကြီးကျည်စထိမှန်သူတွေကတော့ အသက် ၆၅ နှစ်အရွယ် ဒေါ်မယဥ်သန်း၊ အသက် ၄၄ နှစ်အရွယ် ဒေါ်ဦးယဥ်သန်း၊ အသက် ၁၈ နှစ်အရွယ် မောင်မျိုးနိုင်မင်းနဲ့ အသက် ၁၃ နှစ်အရွယ် မောင်မင်းအေးစိုးတို့မှာ ဒဏ်ရာတွေ အသီးသီးရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးကျည်ဆန်ဟာ နဂရာရွာလမ်းပေါ်မှာ ၂ လုံး ကျရောက်ပေါက်ကွဲကာ ၃ ယောက်ကတော့ သာမန်ဒဏ်ရာရရှိခဲ့ပြီး ဦးခေါင်းနဲ့ နောက်ကျောမှာဒဏ်ရာရရှိခဲ့တဲ့ မောင်မျိုးနိုင်သန်းကတော့  ဒဏ်ရာအခြေအနေ နည်းနည်းစိုးရိမ်ရတယ်လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ စက်တင်ဘာ ၁၉ ရက် ညပိုင်းကလည်း စစ်ကောင်စီရဲ့ စစ်ရေယာဥ်ကို ရက္ခိုင့်တပ်တော်(အေအေ)က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့ နေ့စဥ်ရက်ဆက် တိုက်ပွဲတွေဖြ စ်ပွားနေပြီး စစ်ကောင်စီဘက်က အများအပြားသေဆုံးလို့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်စခန်း အများအပြားနဲ့ ရေယာဥ် ၂ စီး ကို အေအေက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်းတချို့လည်း ဖမ်းမိထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024