Home
မြန်မာသတင်း
ကမာရွတ်စည်ပင်ရဲဝင်းရှေ့တွင် ဗုံးနှစ်ကြိမ်ပေါက်၊ ၄ ဦးဒဏ်ရာရ
DVB
·
September 16, 2022
306581959_10158937196592913_3364688739968188825_nည

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ၇ ရပ်ကွက်၊ ဗဟိုလမ်းရှိ စည်ပင်သာယာရဲတပ်ဖွဲ့ဝင်းရှေ့မှာ စက်တင်ဘာ ၁၆ ရက် မနက် ၈ နာရီ ၃၅ မိနစ်က ဗုံးနှစ်ကြိမ်ပေါက်ခဲ့ပြီး လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စည်ပင်သာယာရဲတပ်ဖွဲ့ဝင်းရှေ့ စျေးကားအနီးမှာ ဒီကနေ့မနက် ၈ နာရီက ဗုံးနှစ်ကြိမ် ပေါက်ခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာနှစ်ယောက်နဲ့ စည်ပင်ဝန်ထမ်း မိသားစုဝင်နှစ်ယောက် ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“လမ်းသွားလမ်းလာရော ယာဥ်မောင်းတဦးရော စည်ပင်က ဝန်ထမ်းမိသားစုနှစ်ဦးရော အားလုံး လေးဦးထိတယ်။”

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူတွေမှာ ဦးကျော်ဆန်းဦး၊ မရင်နွယ်ဦး၊ မခင်နှင်းထက်နဲ့ ကိုမင်းခိုင်လင်းတို့ ဖြစ်တယ်လို့ စည်ပင်နဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“လေးဦးထိတာ၊ တဦးက စိုးရိမ်ရတယ်။ သုံးဦးက သိပ်မစိုးရိမ်ရဘူး။ စည်ပင်ဝန်ထမ်းရဲ့ မိသားစုဝင်နှစ်ဦးပါတယ်။”

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်လာချိန် မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံး ထပ်တွေ့တာကြောင့် ဗဟိုလမ်းပေါ်မှာ ယမ်းကပ်ဖောက်ခွဲလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ ၁၆ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၂၂ ကြိမ်ဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးတယောက်၊ ရာအိမ်မှူးတယောက်နဲ့ အရပ်သားတယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024