မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် တပ်ရင်း ၇၁၂ ပြည်သူ့စွမ်းအားတပ်ပေါင်းစု PPC ဆေးတပ်ဖွဲ့က စက်တင်ဘာ ၁၃ ရက်နေ့အထိ လူနာပေါင်း ၅၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ PPC ဆေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်က စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်ကိုလည်း PPC ဆေးတပ်ဖွဲ့က စက်တင်ဘာ ၁၃ ရက်မှာ အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
PPC ဆေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က “ဒီဒေသနဲ့ ဒီနယ်က ဆေးကုသဖို့ ခက်ခဲတာ၊ ဒေသတခုလုံး ခက်ခဲတာ၊ အဲ့ဒါကြောင့် ဒီဆေးတပ်ဖွဲ့ကို မရရအောင် လုပ်မယ်ဆိုပြီး သူငယ်ချင်း ဆရာ ဆရာမတွေကို အကူအညီတောင်းပြီး ဖွဲ့လိုက်တာပါ” လို့ ပြောပါတယ်။
PPC ဆေးတပ်ဖွဲ့က ရွာတွေကို ကွင်းဆင်းကုသရေးတွေ၊ ကျောင်းကျန်းမာရေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ကာကွယ်ဆေးထိုးတာတွေ လုပ်ဆောင်ပေးနေပြီး ဆေးဝါးရရှိဖို့အတွက် အလှူရှင်တွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
ဆေးဝါးထုတ်ကုန်တွေကလည်း စျေးမြင့်တက်လာတဲ့အပြင် ဝယ်မရတဲ့ ဆေးတွေလည်း ရှိလာတာကြောင့် ဆေးဝါးအခက်ခဲတွေ ရှိနေပြီး သုံးနှစ်အောက် ကလေးတွေအတွက် ကာကွယ်ဆေး လိုအပ်နေတယ်လို့ ပြောပါတယ်။