ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က ပန်းမြောင်းရွာစျေးမှာ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းက မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။
စက်တင်ဘာ ၁၁ ရက် မနက် ၁ နာရီကျော်လောက်ကနေ ၃ နာရီကျော်အထိ လောင်ခဲ့တာမီးကြောင့် စျေးဆိုင်ခန်း ၂၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်နယ်အဆင့်ရှိတဲ့ ပန်းမြောင်းရွာဟာ မီးသတ်ကား မရှိတာကြောင့် ရွာသားတွေကိုယ်တိုင် ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့တာပါ။
ရွာခံတဦးက “မီးညွန့်က မကျိုးဘူး။ မိုးရွာ ချလိုက်လို့ တော်သေးတယ်။ မိုးသာ မရွာရင် တရွာလုံးလောင်မယ့်သဘောရှိတယ်” လို့ ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ် မီးသတ်ဦးစီးဌာနက သတင်း တစုံတရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။