မကွေးတိုင်း ပခုက္ကူ -ရေစကြိုကားလမ်းပေါ်က ပခုက္ကူနည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Young Force UG အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပခုက္ကူနည်းပညာကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်လုပ်သေနတ် ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
"ကျနော်တို့ဘက်က အရင်လက်ဦးမှုယူပြီးပစ်ခဲ့တာပါ။ သူတို့ဘက်က အင်အားလာဖြည့်တဲ့အချိန် လက်နက်ကြီးကျတာဆိုတော့ ထိခိုက်မှုရှိနိုင်ပါတယ်၊ အပြန်အလှန်ပစ်ခတ်မှုလည်း ရှိပါတယ်။ ထွက်ပြေးတဲ့သူတွေက ပြေးတယ်" လို့ Young Force UG အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုအခြေနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
Young Force UG အဖွဲ့အနေနဲ့ လက်နက်အစစ်မရှိတာကြောင့် လက်လုပ်သေနတ်နဲ့ပဲ တိုက်ပွဲဖော်ဆောင်နေရပြီး လက်နက်အင်အားလိုအပ်နေတယ်လို့ ပြောပါတယ်။