Home
မြန်မာသတင်း
ဘူးသီးတောင်တွင် ဒုတိယကမ္ဘာစစ်က ဗုံးသီး ၁၈ လုံးတွေ့ရှိ
DVB
·
September 10, 2022
305965730_849821766183717_5256433895041435189_n

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အမှတ်(၁) ရှိ မြန်မာဆက်သွယ်ရေးရုံးမှာ စက်တင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက ဒုတိယကမ္ဘာစစ် လက်ကျန်းဗုံးသီး ၁၈ လုံး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 

ဗုံးသီးတွေဟာ အလျား ၂ ပေ၊ လုံးပတ် ၁၁ လက်မခန့်ရှိပြီး စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း (စအရ) ၉၀၈ ကို ပို့ဆောင်လိုက်တယ်လို့ ဘူးသီးတောင်မြို့ ရဲတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

"ဗုံးသီးတွေကတော့ ဒုတိယ ကမ္ဘာစစ်အတွင်းက သုံးခဲ့ကြတဲ့ ဗုံးတွေဗျာ။ မနေ့က ဆက်သွယ်ရေး ရုံးမှာ သန့်ရှင်းရေးလုပ်ကြတာမှာ တွေ့တာဖြစ်တယ်။ အားလုံး ၁ လုံးရှိတယ်။ ပေါက်ကွဲနိုင်တဲ့ အန္တရာယ်ကတော့ မရှိတော့ဘူး" လို့ ပြောပါတယ်။

ဆက်သွယ်ရေးရုံးမှာ စက်တင်ဘာ ၉ ရက်နေ့မနက်ပိုင်းက ရုံးသန့်ရှင်းရေး လုပ်နေစဉ် ဗုံးသီး ၄ လုံး စတင်တွေ့ရှိတာဖြစ်ပြီး ဆက်လက်တူးဖော်ရာ နောက်ထပ် ၁၄ လုံးကို တွေ့ရှိခဲ့တာပါ။

ပုံ- ဘူးသီးတောင်မြို့နယ် သတင်းမှန်အဖွဲ့

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024