Home
မြန်မာသတင်း
ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ရေယာဥ်အုပ်စု တိုက်ခိုက်ခံရ
DVB
·
September 5, 2022
302173202_3081434375412451_6811407021181412255_n

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ဘက်ခြမ်းကနေ  ချင်းတွင်းမြစ်ကြောင်းအတိုင်း အောက်ဘက် စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ ရေယာဥ်အုပ်စုကို စက်တင်ဘာ ၄ ရက် ညနေ ၄ နာရီခန့်လောက်မှာ PDF အဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်ခံရတဲ့ရေယာဥ်အုပ်စုဟာ စုစုပေါင်း ၇ စီးရှိပြီး  ချင်းတွင်းမြစ်အထက်ပိုင်းကနေ မုံရွာဘက်ကို ပြန်လည်စုန်ဆင်းလာတဲ့ စစ်ကောင်စီရေယာဥ်တွေဖြစ်တယ်လို့  ဒေသခ PDF ကပြောပါတယ်။

အဲဒီလိုတိုက်ခိုက်မှုတွေကို "ချိုမိုင်မိုင်" ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုနဲ့အတူ ဘုတလင် Local PDF အဖွဲ့တွေပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရေယာဥ်ဟာ သံပြားကာမပါသလို ရှေ့ထွက်မိုင်း ၅ လုံးနဲ့ ထိထိမိမိတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိနိုင်ပြီး အရေအတွက်အတိအကျမသိရသေးဘူးလို့ တိုက်ခိုက်ရေးမှာပါဝင်တဲ့ ချိုမိုင်မိုင် PDF ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းကို ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေသလို ချင်းတွင်းမြစ်ကြောင်းကနေ ကုန်ပစ္စည်းတွေနဲ့ စစ်သည်တွေကို ပို့ဆောင် နေရာပြောင်းရွှေ့လေ့ရှိတာမှာ PDF အဖွဲ့တွေက ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်တာတွေလည်း ရှိပါတယ်။

အဲဒီလိုမြစ်ကြောင်းကနေ သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ချင်းတွင်းမြစ်ကြောင်းတ လျှောက် ဘေးဝဲယာတွေကို လက်နက်ကြီးတဲ့ ပစ်ခတ်လေ့ရှိတာကြောင့် မြစ်ကမ်းဘေးရှိ ဒေသခံတွေ နေအိမ်တွေမှာမနေရဲဘဲ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024