ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာ ၄ ရက်က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား တယောက်သေဆုံးကာ လက်နက်ခဲယမ်းနဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိတယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပါတယ်။
ဒီမနက် ၆ နာရီခွဲလောက်က ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာအနီး စစ်ကြောင်းထိုး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီတပ်မတော် (KA)၊ KNDF B/10 တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
၄ နာရီကြာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိသူတွေလည်း ရှိခဲ့သလို MA-3 သေနတ် တလတ်၊ ခဲယမ်းနဲ့ကျည်ဆန်တွေ သိမ်းဆည်းရမိကာ ကရင်နီတပ်တွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဖူးလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒီနေ့မွန်းလွဲ ၁ နာရီခွဲလောက်ကလည်း ဖရူဆိုမြို့နယ် ၊ ဒေါညေးခူကျေးရွာနဲ့ ထီးပေါ့ဆိုကျေးရွာများအနီး စစ်ကြောင်းထိုး တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကို KA ၊ KNDF B/04 ၊ B/15 တို့ပူးပေါင်းပြီး ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
Photo-KNDF