Home
မြန်မာသတင်း
ရေကြီးရေလျံပြီး ချောင်းကူးတံတားပျက်စီးမှုကြောင့် နောင်မွန်မြို့ခံများ သွားလာရေးအခက်ကြုံ
DVB
·
September 3, 2022
305042862_5415244895225995_6222130575230329791_n

ကချင်ပြည်နယ် နောင်မွန်မြို့တွင် စက်တင်ဘာ ၃ ရက်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တာကြောင့် ကဆန်ထီချောင်းကူးတံတားပျက်စီးသွားပြီး ဒေသခံတွေ သွားလာရခက်ခဲနေတယ်လို့ နောင်မွန်ဒေသခံတဦးက ပြောပါတယ်။

"မိုးအဆက်မပြတ်ရွာတာ တပတ်လောက်ရှိပါပြီ။ မနေ့ညရွာတဲ့ မိုးက ပိုသည်းတယ်။ ဒီနေ့ မနက်ပိုင်းအထိ အဆက်မပြတ်ရွာတော့ မြို့နားစီးနေတဲ့ ကဆန်ထီချောင်းရေတွေ ရပ်ကွက်ထဲထိ တက်လာတယ်။ မြေနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက် ၂ တဝက်က ရေမြုပ်နေပြီ။ နောင်မွန် - နမ်ပန်ဒမ်းရွာကို ဆက်သွယ်ထားတဲ့ ကြိုးတံတားလည်း ပျက်စီးသွားတော့ သွားလာရေး တော်တော်ခက်နေပါတယ်။"

ကချင်ပြည်နယ်ဒေသမှာ ၂၄ နာရီအတွင်း ပူတာအိုမြို့၊ နောင်မွန်မြို့နယ်၊ ပန်နမ်းဒင်မြို့နယ်နဲ့ ခေါင်လန်ဖူးမြို့နယ်ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် Su Su San (Los Angeles, California) က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024