Home
မြန်မာသတင်း
အမ်းမြို့နယ်၌ စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
September 2, 2022
301784277_5320049211376687_5317545994103283248_n

ရခိုင်ပြည်နယ်ရှိ မအီ-အမ်းကားလမ်းတလျှောက်  ချီတက်လာတဲ့ စစ်ကောင်စီတပ်တွေကို အမ်းမြို့နယ်မြေနီရွာနဲ့ တလိုင်းတောင်ရွာကြားမှာ  ရက္ခိုင့်တပ်တော် (အေအေ)က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာ စစ်ကားနှစ်စီး ပျက်စီးသွားပြီး ကားနဲ့လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၁ ရက် ညနေ ၃ နာရီ ကျော်မှာ  မအီဘက်ကနေ အမ်းဘက်ကို ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တလိုင်းတောင်ကျေးရွာအကျော် မြေနီးကျေးရွာသို့ မရောက်ခင် အမ်းကားလမ်းမှာ အေအေက မိုင်းဆွဲခဲ့တာလို့  ကားသမားတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

အမ်းဒေသခံတစ်ဦးက "အမ်းလမ်းက မအီမြို့ကနေ အမ်းဘက်ကိုဆင်းလာတဲ့  စစ်‌ကောင်စီယာဉ်တစီးကို။ အေအေဘက်က မိုင်းဆွဲတိုက်ခိုက်လို့ ကားတစီးလုံး လုံးဝကို ပျက်စီးသွားတယ်။ ကျနော်တို့ လာတဲ့အချိန်က ကားက မီးလောင်နေတုန်းပါပဲ။ အသေအပျောက်ကတော့ မသိဘူးနိုင်သေးဘူး"လို့ ပြောပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ အေအေတပ်တွေ မြို့နယ်အနှံ့တိုက်ပွဲတွေဖြစ်နေပြီး  သြဂုတ် ၂၇ ရက်ညပိုင်းမှာ မောင်တော ခမောင်းဆိပ်ဘက်မှာ တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီကလည်း တိုက်ခိုက်ရေးရယာဥ်တွေသုံးပြီး တိုက်ခိုက်ခဲ့သည်။

သြဂုတ် ၃၀ ရက်မှာလည်း ရသေ့တောင်၊ ပြိန်းတောင်၊ မညှင်းတောင်ဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ရသေ့တောင်မြို့နယ်မှ ဒေသခံထောင်ချီ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ပါတယ်။

သြဂုတ် ၁၃ ရက်က ရခိုင်ဒေသသရှိ နေရာ ၃ နေရာနဲ့ ချင်းပြည်နယ် ပလက်ဝဒေသအတွင်း ၁ နေရာ စုစုပေါင်း ၄ နေရာမှာ တိုက်ပွဲပြင်းထန်ပြီး  စစ်ကောင်စီတပ်သား ၃၇ ဦး သေဆုံးခဲ့သလို အေအေဘက်ကလည်း ကျဆုံးသူရှိတယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။ 

မြောက်ဦးမြို့နယ်ရှိ လက္ကာကျေးရွာနဲ့ အောက်သားကန်ရွာကြား ကားလမ်းနံဘေးမှာ သြဂုတ် ၂၈ ရက်ညနေပိုင်းမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်ပြီးနောက် နာရီပိုင်းအကြာမှာ တိုက်ပွဲဖြစ်ရာနေရာနဲ့ အလွန်ကွာဝေးတဲ့ မြောက်ဦးကင်းဆိပ်ကျေးရွာကို မြောက်ဦးအခြေစိုက် စစ်ကောင်စီရဲ့  ခမရ ၃၇၇ ဘက်ကနေ လက်နက်ကြီးမတွေနဲ့ ပစ်ခတ်ခဲ့မှုကြောင့် ၄ နှစ်အရွယ်ကလေးငယ်တယောက်နဲ့  ကျေးရွာသား ၂  ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထက်မနည်းပြင်းထန်ဒဏ်ရာရှိခဲ့ပါတယ်။

သြဂုတ်လ ၂၇ ရက်ကလည်း မောင်တောမြောက်ပိုင်းရှိ မင်းကြီးရွာမှာ အမျိုးသမီးတယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့သလို မင်းခမောင်းကျေးရွာက ကျေးရွာသား တွေ လက်နက်ရိက္ခာပြတ်လပ်လို့ နေရပ်စွန့်ခွာသွားသူတွေလည်း ရှိနေပါတယ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024