Home
မြန်မာသတင်း
မော်တာကျည်ကျသည့်ကိစ္စ မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်က ဆင့်ခေါ် သတိပေး
DVB
·
August 30, 2022
301349655_640398833949641_3773686707328674419_n

ဘင်္ဂလားဒေ့ရှ် ပိုင်နက်နယ်မြေအတွင်း မြန်မာဘက်ကပစ်ခတ်လိုက်တဲ့ မော်တာကျည်နှစ်လုံး ကျရောက်ခဲ့တဲ့ကိစ္စ ဖြေရှင်းချက်ပေးဖို့ မြန်မာသံအမတ် အောင်ကျော်မိုးကို ဆင့်ခေါ်ထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၉ ရက်က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၈ ရက် မွန်းလွဲပိုင်းမှာ ဂမ်ဒမ်နယ်မြေက နယ်စပ်အနီးကို မော်တာကျည် ကျရောက်ခဲ့ပေမယ့် မပေါက်ကွဲခဲ့တာကြောင့် မော်တာကျည်ကို မပေါက်ကွဲအောင်ဖြုတ်သိမ်းနိုင်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့တာလို့  ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း သံတမန်နည်းလမ်းအတိုင်း စာပေးပို့အသိပေးခဲ့ကြောင်းနဲ့ နောက်ထပ်ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်စေဖို့ သတိပေးခဲ့တယ်လို့  ဘင်္ဂလားဒေ့ရှ်  နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အခုလတ်တလောမှာပဲ မြန်မာစစ်တပ်ရဲ့ ရဟတ်ယာဉ်တွေ ဘင်္ဂလားဒေ့ရှ်လေပိုင်နက်ထဲကို ကျူးကျော်ပျံသန်းမှု နှစ်ကြိမ်လည်းရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နယ်ခြားစောင့်တပ်တို့က ပြောခဲ့ပါတယ်။

ဩဂုတ် ၂၁ ရက်နောက်ပိုင်းမှာတင် မြန်မာသံအမတ်ဟာ နှစ်ကြိမ်ဆင့်ခေါ်ခံခဲ့ရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပထမအကြိမ်မှာတုန်းကလည်း မြန်မာစစ်တပ်ရဲ့ဒီလုပ်ရပ်တွေဟာ အိမ်နင်းချင်းကောင်းတို့ရဲ့ လုပ်ရပ်မဟုတ်ကြောင်း ပြင်းပြင်းထန်ထန်သတိပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်ညနေကစပြီး  မောင်တောမြောက်ပိုင်းက ခမောင်းဆိပ်ဗျူဟာကုန်းမှာ စစ်ကောင်စီတပ်တွေနဲ့  ရက္ခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013