စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် ရပ်ကွက်တွေက စား၀တ်နေရေး ခက်ခဲနေတဲ့ အိမ်ထောင်စု ၂၀၀ လောက်ကို မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ S&C က ဩဂုတ် ၂၇ ရက်မှာ ဆန်နဲ့ ကြက်ဥတွေ ပေးဝေခဲ့ပါတယ်။
ဒီနေ့ မနက် ၆ နာရီခွဲမှာ တအိမ်ထောင်ကို ဆန် ၁ ပြည်နဲ့ ကြက်ဥ ၁၀ လုံးစီ မျှဝေ လှူဒါန်းပေးခဲ့တယ်လို့ မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ S&C မှ ကိုစိုးမိုးအောင်က ပြောပါတယ်။
"ပြည်သူတွေက အရမ်းခက်ခဲနေကြတာ။ ငွေရေးကြေးရေး အခြေအနေအရ တတ်နိုင်သလောက် လုပ်ပေးတာပါ။ ဝေမဲ့အချိန်က ၈ နာရီမှ အစောကြီးလာကြတော့ ၆ နာရီခွဲလောက်မှာ ဝေပေးလိုက်တယ်။”
ကုန်စည်စျေးနှုန်း အဆမတန် မြင့်မားလာမှုကြောင့် အခြေခံလူတန်းစားတွေရဲ့ အကျပ်အတည်း အတွက် အနည်းငယ် အဆင်ပြေနိုင်ဖို့ ရည်ရွယ် လှူဒါန်းပေးခဲ့တာဖြစ်ပြီး ဆက်လက်လှူဒါန်းသွား ဖို့ရှိတယ်လို့ S&C ကဆိုပါတယ်။