မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာမှာ ဩဂုတ် ၂၂ ရက် နေ့လယ် ၃ နာရီ လောက်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဦးစီးအရာရှိ တဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ ရတယ်လို့ လက်ကောင်းရွာနေသူတွေက ပြောပါတယ်။
စည်ပင်အဖွဲ့ဟာ လမ်းလယ်ကျွန်း မြေဖို့လုပ်ငန်းနဲ့ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေစဉ် ဆိုင်ကယ်နဲ့ အမျိုးသား နှစ်ယောက် ရောက်လာကာ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ဦးစီးအရာရှိ ဦးအောင်ကျော်ဆန်းကို သေနတ်နဲ့ ပစ်သွားတာလို့ သိရပါတယ်။
လက်ကောင်းရွာနေသူ တဦးက “မနေ့က ရွာနားက ဘုန်းကြီးကျောင်းနားမှာ ရဲရော စစ်သားရော အရပ်ဝတ်တွေရော လမ်းပိတ်ပြီး စစ်နေတာ။ ဒီနေ့တော့ အစစ်အဆေး မတွေ့ဘူး”လို့ ပြော ပါတယ်။
သေနတ်နဲ့ ပစ်ခံရတဲ့ ဦးအောင်ကျော်ဆန်းမှာ ဘယ်ဘက်ရင်အုံ ဖောက်ထွက် ဒဏ်ရာ ရခဲ့ပြီး မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသစဉ် ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ စည်ပင်သာယာအသိုင်းအဝိုင်း က သိရပါတယ်။
အဲဒီနေ့မနက်ပိုင်းကလည်း ပြည်ကြီးတံခွန်မြိုနယ်က စက်မှု ၁ ဈေးမှာ ဈေးလာဝယ်သူ မြေပွဲစား ဦးစိုးနှင်းဆိုသူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။