မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်(ဈ)ရပ်ကွက် ၁၃၄ လမ်း၊ ၆၂ လမ်းနဲ့ ၆၃ ကြား၊ စက်မှု (၁)ဈေး တောင်ဘက်မှာ ဩဂုတ် ၂၂ ရက် မနက် ၇ နာရီက အမျိုးသား တယောက် သေနတ်နဲ့ ပစ်သတ်ခံ ရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ရပ်ကွက်နေသူ တဦး “သူက UG တွေကို ဖမ်းရာမှာ စစ်တပ်ကို သတင်းပေးတာလို့ သိရတယ်။ ဆိုင်ကယ်နဲ့ လူ ၂ယောက် လာပြီး ပစ်သွားတာ”လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရသူဟာ (ည) ရပ်ကွက်နေ အသက် ၅၀ အရွယ် မြေပွဲစား ဦးစိုးနှင်း ဖြစ်ပြီး စက်မှု (၁) စျေးကို စျေးဝယ်လာစဥ် ပစ်ခံရတာလို့ သိရပါတယ်။
သေနတ်နဲ့ပစ်ခံရတဲ့အတွက် ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ တချက်ရရှိပြီး နေရာမှာ သေဆုံး ခဲ့ကာ ဘယ်အဖွဲ့က ဘာကြောင့် ပစ်တယ်ဆိုတာ မသိရသေးပါဘူး။