Home
မြန်မာသတင်း
ယင်းမာပင်တွင် စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ
DVB
·
August 22, 2022
298808562_1269818447087342_4975101246943600349_n

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ယင်းမာပင်မြို့ အခြေစိုက် ဆရာစံ- PDF နဲ့ Golden Triangle Fore အဖွဲ့က စနိုက်ပါနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၃ ရက်အတွင်း စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၁ ဦးဏ်ရာရတယ်လို့ ဆရာစံ -PDF က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၀ ရက်နေ့က ကပိုင်ကျေးရွာနဲ့ က/သီးကုန်းရွာမှ ပေါင်းဝရွာကိုပြန်ဝင်ပြီး မီးရှို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကပိုင်ကျေးရွာ အပြန်လမ်းမှာ စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အလားတူ ဩဂုတ် ၁၉ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်လောက်က ကပိုင်ကျေးရွာတောင်ဘက်ကို လက်နက်ခဲယမ်းထောက်ပို့လာမယ့် လေယာဥ်ကို လာစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေအား စနိုက်ပါအပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ညနေ ၃ နာရီလောက် အလောင်းတွေ လာကောက်သွားတယ်လို့ ဆရာစေက ပြောပါတယ်။

PDF ခေါင်းဆောင် ဆရာစံက "ကပိုင်ကျေးရွာ အနီး စနိုက်ပါနဲ့ ပြောက်ကျားတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။ ဩဂုတ် ၂၀ ရက်နေ့က စနိုက်ပါလက်ချက်နဲ့ သေဆုံးသွားတဲ့ စစ်ကောင်စီ တပ်သား ၂ ဦးကို လေယာဉ်နဲ့ သင်္ချိုင်းကုန်းကို တခါတည်းလာသယ်သွားပြီ မီးရှို့သွားတယ်။ ၁၉ ရက်နေ့က စနိုက်ပါ နဲ့ ပစ်ခတ်မှုမှာ Kar 98 နဲ့ ၆ ချက် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးလဲကျသွားတာကို မြင်ရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကပိုင်ကျေးရွာအနီး စနိုက်ပါနဲ့ ပြောက်ကျားပစ်ခတ်မှုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာ နဲ့ ၄ ဖာလုံခန့် အကွာအဝေးကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆရာစံ -PDF အဖွဲ့က ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

“တခြားမဟာမိတ်အဖွဲ့မှ ခေါင်းဆောင်တွေအနေနဲ့ တိုက်ပွဲအတွင်းနေရာယူတဲ့အခါမျိုးမှာ တပည့်ရဲဘော်တွေနဲ့ ချိတ်ဆက်မှု ရှိရှိနဲ့ နေရာချပေးဖို့၊ ကင်းထောက်ပေးတတ်ဖို့ နဲ့ ပြားအုံကို တုတ်နဲ့ ထိုးတာမျိုး မဖြစ်စေဖို့ သတိထားလုပ်ဆောင်စေချင်တယ်။ ဒါမှသာ ရဲဘော်တွေရဲ့ ထိခိုက်ကျဆုံးမှု နည်းပါးမှာဖြစ်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်များလည်း ပျက်စီးမှု နည်းပါးမှာဖြစ်တယ်” လို့ ဆရာစံက အကြံပြုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024