စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေလို့ ဩဂုတ် ၂၀ ရက် ညပိုင်းက စပြီး အင်းတော်-ကျောင်းကုန်းလမ်းပိုင်းကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားလိုက်တယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပါတယ်။
IR အဖွဲ့တာဝန်ရှိသူ တဦးက "တိုက်ပွဲအတွင်း ရောက်လာလို့ သေဆုံးခဲ့ရတဲ့ ခရီးသွားတွေ ရှိခဲ့ဖူးပါတယ်။ ခရီးသွားတွေ အန္တရာယ်ကင်းဖို့ သတိပေးချက်တွေ ထုတ်ပြန်နေရတာကို နားလည်ပေးကြပါ"လို့ ပြောပါတယ်။
ကုန်တင်ကား၊ ခရီးသည်ကား၊ သုံးဘီးအပါအဝင် ဘယ်ကား မဆို လုံးဝ ဖြတ်သန်းသွားလာတာ မပြုလုပ်ဖို့ ထုတ်ပြန်ချက်မှာ သတိပေး ထားပါတယ်။
တိုက်ပွဲနဲ့ နီးစပ်သူက "တိုက်ပွဲက မနက်တည်းက ဖြစ်နေတာ။ တိုက်ပွဲအခြေအနေက ပြောလို့ မရသေးဘူး။ နှစ်ဖက် ထိခိုက်အကျအဆုံး ရှိတယ်။ ညပိုင်းအထိ အခြေအနေက တင်းမာ နေတုန်း"လို့ ဆိုပါတယ် ။
ဗန်းမောက်လမ်းပိုင်းကိုလည်း ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး လမ်းဖွင်လို့ အသုံးပြုနိုင်ပါက ပြန်ကြေညာမှာဖြစ်ပြီး အင်တာနက် လိုင်းရတဲ့သူတွေက အသိပေး လက်ဆင့်ကမ်းပြောပေးဖို့ IR အဖွဲ့က တောင်းဆိုထားပါတယ်။