Home
မြန်မာသတင်း
စစ်တပ်နှင့် SNAတို့ စစ်ကြောင်းထိုးနေသဖြင့် ပင်လယ်ဘူးမြို့နယ်က ကျေးရွာဒေသခံ ၆၀၀၀ ခန့် စစ်ဘေးရှောင်
DVB
·
August 13, 2022
298387277_174876015040944_2446706719482330791_n

စစ်ကိုင်းတိုင်း ကောလင်းခရိုင်၊ ပင်လယ်ဘူးမြို့နယ် သီးကုန်းရွာနဲ့ စေတီဦးရွာဘက်ကို စစ်ကောင်စီ တပ်နဲ့  ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့ ပူးပေါင်းပြီး ဩဂုတ် ၁၀ ရက်မှ ၁၃ ရက်အထိ စစ်ကြောင်း ထိုးနေတာကြောင့် ကျေးရွာ ၁၁ ခုက ဒေသခံ ၅၉၀၀ ကျော် စစ်ဘေးရှောင် နေရတယ်လို့ ပင်လယ်ဘူးဒေသခံတွေက ပြောပါတယ်။

အခုစစ်‌ကောင်စီ စစ်ကြောင်းထိုးရာကို လိုက်ပါနေတဲ့ ရှမ်းနီတပ်ဟာ ဟုမ္မလင်းအခြေစိုက် အမှတ် ၇၅၃ တပ်က စိုင်းပျူး ဦးဆောင်တဲ့အဖွဲ့လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပင်လယ်ဘူးဒေသခံ တဦးက “ စေတီဦးရွာဘက်ကို ၁၀ ရက်နေ့က စစ်ကြောင်းထိုးလာပြီး ၁၁ ရက်ညမှာ ရွာကို မီးရှို့တယ်။ မီးရှို့တော့ ဒေသခံ PDF တွေနဲ့ တိုက်ပွဲဖြစ်တယ်။ ၁၂ ရက်ကျတော့ သီကုန်းရွာကို မီးရှို့တယ်။ နှစ်ရွာပေါင်း အိမ် ၉၀ လောက် မီးလောင်တယ်။ ဒေသခံတွေကတော့ ထွက်ပြေးနေရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ရှမ်းနီတပ်ဟာ ဩဂုတ် ၁၃ ရက်မှာတော့ စိုင်ရမ်းကြီးရွာနဲ့ ပလူသာရွာကြားမှာ ရောက်ရှိနေပါတယ်။ 

အခုလို စစ်ကောင်စီနဲ့ ရှမ်းနီတပ်တို့ စစ်ကြောင်းထိုးလာတာကြောင့် စေတီဦးရွာ၊ သီးကုန်းရွာ၊ သင်္ချိုင်းရွာ၊ ပလူသာရွာ၊ စိုင်ရမ်းကြီးရွာ၊ စိုင်ရမ်းလေးရွာ၊ ရွာရှည်ရွာ၊ တနင်းကုန်း၊ အင်ကုန်းရွာ၊ သစ်‌ဆေးကုန်းရွာနဲ့ ပင်လောင်းရွာက ဒေသခံ ၅၉၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024