Home
မြန်မာသတင်း
ကလေးနယ်မြို့နယ်တောင်ပိုင်း၌ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က ချောင်းခွရွာကို မီးရှို့
DVB
·
August 13, 2022
297647306_586118026490204_4185033651854968342_n

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကြောင်း ထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဩဂုတ် ၁၂ နေ့လယ်ပိုင်းက စပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကလေး PDF ရဲ့ တာဝန်ခံက ပြောပါတယ်။

တိုက်ပွဲ ပြင်းထန်နေဆဲမို့ တိုက်ပွဲ အခြေအနေနဲ့ နှစ်ဘက်အကျအဆုံး ရှိ၊ မရှိကိုတော့ အတည် မပြု နိုင်သေးဘူးလို့ ဆိုပါတယ်။

ဩဂုတ် ၁၂ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်ဟာ ချောင်းခွရွာကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက်ခဲ့ပြီး ရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ တပ်စွဲကာ အဲဒီနေ့ညနေ ၆ နာရီက စပြီး အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံ တဦးက  ပြောပါတယ်။ 

“စစ်တပ်က အဲဒီချောင်းခွရွာကို စစ်ကြောင်းထိုး မီးရှို့နေလို့ ဒေသခံတွေ ဘေးလွတ်ရာ ရှောင်နေရတယ်။ အခု နေထိုင်စားသောက်ရေး ခက်ခဲနေတယ်”

လတ်တလောမှာတော့ ကလေးမြိုနယ်တောင်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေလို့ ပြည်သူတွေအနေနဲ့ တောင်ပိုင်းလမ်း‌မှာ အသွားအလာ မလုပ်ဖို့ ကလေးPDF  တာဝန်ခံတွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၈ ရက်ကလည်း စစ်ကောင်စီတပ်က ချောင်းခွကျေးရွာက  နယ်မြေ (၃) ရွာလယ်လမ်းမကြီးနဲ့ လမ်းသွယ်တချို့မှာရှိတဲ့ အိမ်ကြီး၊အိမ်ကောင်းတွေကို ရွေးချယ်ပြီး မီးရှိုခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024