Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်တွင် ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်
DVB
·
August 9, 2022
Weather

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဩဂုတ်  ၉  ရက် မနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်း‌ခြေ - အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေနဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်တဲ့ လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) ဟာ ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် အနီးမှ  ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ မန္တလေး၊ ပဲခူး၊ ရန်ကုန်နဲ့ တနင်္သာရီတိုင်းတွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၉ ပေကနေ ၁၃ ပေအထိ ရှိနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024