မွန်ပြည်နယ် ရေးမြို့ စကားတောင်စေတီ တောင်ကြားလမ်းမှာ သြဂုတ် ၈ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က မြေပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
လူနဲ့ ကားသွားအလာ မရှိတဲ့အချိန် ပြိုကျတာကြောင့် ထိခိုက်မှုမရှိဘဲ မြေပြိုမှုကြောင့် ကားလမ်းတခြမ်း ပိတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
မိုးက အဆက်မပြတ် ရွာသွန်းနေပြီး စကားတောင် တောင်ကြားလမ်းမှာ မြေပြိုကျမှုများ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် ကား၊ ဆိုင်ကယ်နဲ့ ပြည်သူတွေ သတိပြုသွားလာကြဖို့ အသိပေးထားပါတယ်။
ဒီနေ့ မိုးရွာသွန်းမှုကြောင့် ဟံဂံ ကျေးရွာ နေအိမ်တွေမှာလည်း ရေကြီးရေလျှံတ စတင်ဖြစ်ပွားနေပါတယ်။