မကွေးတိုင်း ပခုက္ကူမြို့နယ်က ကန်ဆောက်ရွာသား ၅ ယောက်ကို ဖမ်းဆီးခဲ့ပြီး ဆားကျင်း (ဆကျင်း) ရွာကို သြဂုတ် ၈ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူးစောထီးတွေက မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အင်အား ၁၀၀ လောက်ဟာ ကျတ်ထိုးရဲစခန်းမှာ သြဂုတ် ၇ ရက်က ညအိပ်စခန်းချပြီး သြဂုတ် ၈ ရက် မနက် ၈ နာရီလောက် ဆားကျင်းရွာကို ဝင်ရောက် မီးရှို့ခဲကြတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအပါအဝင် အင်အား ၃၀ လောက်ဟာ ကန်စောက်ရွာက ပြည်သူ ၅ ယောက်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ရွာထဲကို စစ်ကြောင်းထိုးလာတာလို့ ဆားကျင်းရွာ ဒေသခံတယောက်က ပြောပါတယ်။
“ပထမတကြိမ် မီးရှို့တော့ အိမ် ၃ လုံးလောက်မီးလောင်တယ်။ မိုးရွာလို့ မီးငြိမ်းသွားတယ်။ မနက် ၁၀ နာရီခွဲလောက်မှာ မြစ်ခြေဘက်က ကား ၂ စီးနဲ့ ဆိုင်ကယ် ၁ စီး ထပ်ရောက်လာလို့ အင်အား ၁၀၀ လောက်ဖြစ်သွားပြီး မီးထပ်ရှို့ကြတယ်။ အိမ်ခြေ ၁၈၆ လုံး ရှိတဲ့ထဲက ၄၀ ကျော်လောက်တော့ မီးလောင်တယ်။”
မကွေးတိုင်းအတွင်း စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး Data For Myanmar က ဇွန် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။