Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၉ ဦး ဖမ်းခံရ
DVB
·
August 6, 2022
297764155_10159833833572305_579728179958298360_n

မြန်မာ-ထိုင်းနယ်စပ် တောတွင်း တနေရာမှာ  ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်လာတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၉ ယောက်ကို သြဂုတ် ၅ ရက် ညပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၃၅၀၂ ထိုင်းလုံခြုံရေးမုတ်ဆိုးတပ် သတင်းရင်းမြစ်က သိရပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား  ၈ ယောက်နဲ့  အမျိုးသမီး ၁ ယောက်ဟာ ကရင်ပြည်နယ်မှတဆင့် ထိုင်းနိုင်ငံနယ်စပ် သောင်ရင်းမြစ်ကို စက်လှေနဲ့ ကျော်ဖြတ်ပြီး တောတွင်းတနေရာမှာ  လူကုန်ကူးကားကို စောင့်ဆိုင်းနေချိန် တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာက ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးခံရသူတွေဟာ ဘန်ကောက်မြို့ကို သွားရောက် အလုပ်လုပ်မယ့်သူတွေဖြစ်ပြီး တယောက်ကို ဘတ် ၂၀,၀၀၀ စီပေးပြီး လာရောက်ကြတာလို့  ဖမ်းဆီးခံမြန်မာရွှေ့ပြောင်းအလုပ်သမားက ထွက်ဆိုထားပါတယ်။

ဖမ်းဆီးရမိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက ကျန်းမာရေးစစ်ဆေးပြီး မယ်လမမြို့မရဲစခန်းကို လွှဲပြောင်းကာ ထိုင်းနိုင်ငံ တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024