ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ် Top ဆီဆိုင်နားမှာ ညပိုင်းသွားလာနေတဲ့ မော်တော်ယာဉ်တွေကို ရဲတပ်ဖွဲ့ဝင် အများအပြားက တင်းကျပ်စွာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစစ်ဆေးခံခဲ့ရတဲ့ ဒေသခံ အမျိုးသမီးတဦးက “ည ၈ နာရီကျော်လောက် အေးမြသာယာ ရပ်ကွက်ဘက်က ပြန်လာတုန်း စစ်ဆေးခံရတယ်။ ဓာတ်မီးတွေနဲ့ထိုးပြီး ကားကိုတားတယ်။ နောက်ဖုံးဖွင့်ခိုင်းပြီး လှန်လှောစစ်တယ်။ ဆိုင်ကယ်တွေကိုလည်း ဖင်ထိုင်ခုံဖွင့်ပြီး ရှာတာတွေ့ရတယ်” လို့ ပြောပါတယ်။
မော်တော်ယာဉ်စစ်ဆေးတဲ့ သူတွေထဲမှာ ရဲယူနီဖောင်း ဝတ်ဆင်ထားသူတွေ ပါသလို အရပ်ဝတ် လက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်ပါတယ်။
မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာ ဇူလိုင် ၂၇ ရက်က အသင်းတော်အစည်းအဝေးပြုလုပ်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေခဲ့ပါသေးတယ်။