ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ သြဂုတ် ၃ ရက် မနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သမီးဖြစ်သူ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဈေးကုန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရဲ့သမီးဖြစ်သူ အမျိုးသမီးရေးရာအဖွဲ့ဝင် စန္ဒာလွင် (ခ) မငယ် ဆိုသူကို အမည်မသိ သေနတ်သမားအဖွဲ့က လာရောက်ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။
သူတို့နဲ့နီးစပ်တဲ့ ဒေသခံတဦးက “မနက် ၈ နာရီလောက်က သူ့ဆန်ဆိုင်ရှေ့မှာ ဆွမ်းလောင်းနေတုန်း လူနှစ်ယောက် လာပစ်သွားတယ်။ နှစ်ချက်ပစ်တာ တချက်က နားရွက်ကို ရှပ်ထိသွားတယ်” လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရလို့ ဒဏ်ရာရှိခဲ့တဲ့ စန္ဒာလွင် (ခ) မငယ်ကို မြစ်ကြီးနားဆေးရုံ ပို့ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။
သေနတ်နဲ့အပစ်ခံရတဲ့ ဧပရယ်မိုး ဆန်ဆိုင်ပိုင်ရှင် စန္ဒာလွင် (ခ) မငယ်ရဲ့ ဖခင်ဟာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ဆိုသူဖြစ်ပြီး ခင်ပွန်းကတော့ စစ်မှုထမ်းဟောင်းတဦး ဖြစ်ပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာနေရာအနီး စစ်ဆေးရှာဖွေတာတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မိုးကောင်းမြို့နယ် စည်ပင်ရုံးအတွင်း ကြက်ပေါင်းခေါက်ဆွဲ ထမင်းချိုင့်အတွင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။