Home
မြန်မာသတင်း
တောင်သာမြို့နယ် နန်းမြင့်ရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
DVB
·
August 3, 2022
Taung Thar

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် နန်းမြင့်ကျေးရွာအုပ်ချုပ်ရေးမှူး သြဂုတ် ၂ ရက်နေ့က အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နန်းမြင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်း နေအိမ်မှာရှိနေစဥ် သြဂုတ် ၂ ရက် မွန်းလွဲ ၂ နာရီလောက်က ဆိုင်ကယ် ၃ စီးနဲ့ အမည်အသိ လူ ၆ ယောက်က သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဦးခေါင်းကို သေနတ်ထိမှန်ပြီး ရရှိဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

နန်းမြင့်အုပ်ချုပ်ရေးမှူး ပစ်ခတ်မှုကို TTA ပြောက်ကျားတပ် (တောင်သာ) နဲ့ ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ မြေလတ် PDF၊ Natogyi Regional Defence Force၊ Seven People Defence Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ဦးကျော်သိန်းထံက လက်လုပ် ပွိုင့် ၂၂ သေနတ်တလက်လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ TTA ပြောက်ကျားတပ် (တောင်သာ) က ထုတ်ပြန်ထားပါတယ်။

ဦးကျော်သိန်းဟာ PDF တွေရဲ့ လှုပ်ရှားမှုကို ထောက်လှမ်းတာ၊ မီတာခ အဓမ္မကောက်ခံတာ၊ ရွာသူရွာသားတွေအပေါ် သေနတ်ပြ ခြိမ်းခြောက်အနိုင်ကျင့်တာတွေ ပြုလုပ်နေတာ​ကို ရပ်တန့်ဖို့ အကြိမ်ကြိမ် သတိပေးထားပေမဲ့ မလိုက်နာတာကြောင့် TTA ပြောက်ကျားတပ် (တောင်သာ) ဦးဆောင်ပြီး ညီနောင်အဖွဲ့တွေက ရှင်းလင်းလိုက်ရတာလို့ ဆိုပါတယ်။

နန်းမြင့်ရွာအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းဟာ စစ်မှုထမ်းဟောင်းတဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဦးကျော်သိန်း ပစ်သတ်ခံရပြီး ဒီနေ့ သြဂုတ် ၃ ရက် မနက်မှာပဲ နန်းမြင့်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀ လောက် ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024