Home
မြန်မာသတင်း
မြန်မာကိုယ်စားလှယ်မပါသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပ
DVB
·
August 3, 2022
ASEAN meeting

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ စုံညီအစည်းအဝေးကို မြန်မာနိုင်ငံ ကိုယ်စားလှယ် မပါဝင်ဘဲ သြဂုတ် ၃ ရက်က ဖနွမ်းပင်မှာ တွေ့ဆုံကျင်းပခဲ့ပါတယ်။

ဒီတွေ့ဆုံမှုကို ဒေသတွင်း ဖိုရမ်အဖွင့် အစည်းအဝေးအပြီးမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ကျင်းပခဲ့တာပါ။

ဒီအစည်းအဝေးဟာ မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို ကွပ်မျက်မှု ပိုများလာတယ်ဆိုရင် ငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်လည်သုံးသပ်ဖို့ တွန်းအားဖြစ်စေတယ်လို့ ဖော်ပြပါတယ်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအသင်းဟာ မနှစ်က သဘောတူညီထားတဲ့ ငြိမ်းချမ်းရေး ‘သဘောတူညီချက် ငါးရပ်ကို လိုက်နာဖို့ မြန်မာနိုင်ငံကို တွန်းအားပေးခဲ့ပြီး စစ်အုပ်စုရဲ့ မကြာသေးမီက ဒီမိုကရေစီရေး လှုပ်ရှားသူလေးဦးကို ကွပ်မျက်မှုအပေါ် ရှုတ်ချခဲ့ကြပါတယ်။

စစ်အာဏာရှင်တွေအစား စစ်အုပ်စုဘက်ကမဟုတ်တဲ့ ကိုယ်စားလှယ်စေလွှတ်ပေးဖို့ အဆိုပြုချက်ကို ငြင်းဆန်ခဲ့ပြီးနောက်မှာတော့ အခုသီတင်းပတ် အစည်းအဝေးမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုသူ ရှိမှာမဟုတ်ကြောင်း အာဆီယံဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

အာဆီယံဟာ မနှစ်နှောင်းပိုင်းကစပြီး ငြိမ်းချမ်းရေးအစီအစဉ်ကို မြန်မာစစ်အုပ်စုက အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတာကြောင့် အာဆီယံ အစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုကို တက်ရောက်ခြင်းမပြုဖို့ တားမြစ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024