Home
မြန်မာသတင်း
စစ်ဘေးရှောင်ပြည်သူများအတွက် YDFက ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်ကူညီ
DVB
·
July 30, 2022
296430404_576776277424379_1140594601300618613_n

မကွေးတိုင်း၊ ဂန့်ဂေါနယ်မြောက်ပိုင်း စန်းမြို့ရွာရှိ  စစ်ဘေးရှောင်ပြည်သူတွေထံ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့   YDF တပ်ရင်း ၄ PDB ကဦးဆောင်ပြီး YDF တပ်ရင်း ၁၊၂၊၃ တို့နဲ့ ပူးပေါင်းကာ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူဦးရေ ၁၄၀ ကျော်ကို ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု သွားရောက် ကူညီပေးနိုင်ခဲ့ပြီး မိဘပြည်သူတွေအနေနဲ့ ယောဒေသကို ကူညီပေးကြပါလို့ YDF  ယောအဖွဲ့ဝင်တဦးက ပြောပါတယ်။

တခြားစစ်ရှောင်စခန်းတွေအတွက်လည်း  ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက် ကူညီပေးနိုင်ဖို့ ပြင်ဆင်နေပြီး ပြည်သူတွေအနေနဲ့ လမ်းခရီးစရိတ်နဲ့ ဆေးဝါးတွေ ပါဝင်ကူညီပေးကြဖို့ကိုလည်း YDF က အထူးမေတ္တာရပ်ခံထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024