Home
မြန်မာသတင်း
ကလေးမြို့တွင် CDM ကျောင်းဆရာ၏ဇနီးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
July 29, 2022
296289924_576270077474999_246359058077585244_n

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်မှာ နေထိုင်တဲ့ ကိုမျိုးသန့်ထွန်းကို စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၂၈ ရက်က သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးစဉ် CDM ကျောင်းဆရာ ကိုမျိုးသန့်ထွန်းကို ဖမ်းမမိတာကြောင့် ဇနီးဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “မနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ အင်အား ၁၅ ယောက်လောက်နဲ့ လာဖမ်းတာ။ အိမ်ထဲကို အပြေးဝင်လာကြတာ။ ကိုမျိုးသန့်ထွန်းကိုတော့ မမိသွားဘူး။ ဒီနေ့မနက်မှာလည်း စစ်သားတွေက လာရှာကြသေးတာ။ သူ့ရဲ့ဇနီးကိုတော့ စစ်သားတွေက ဖမ်းဆီးသွားကြတယ်” လို့ ‌ပြောပါတယ်။

ကျောင်းဆရာ ကိုမျိုးသန့်ထွန်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ဒီနေ့အချိန်ထိ CDM လုပ်ထားဆဲ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးကို စစ်ကောင်စီတပ်က ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

လတ်တလော ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေဟာ စစ်ဆေးဖမ်းဆီးမှုတွေ များပြားနေတာကြောင့် မြို့ခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀၀‌ ကျော်ရှိ‌ပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀‌ ‌ကျော်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စစ်တမ်းအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024