Home
သတင်းဓာတ်ပုံ
ကနီတွင် ပြည်သူ ၂၄ ဦး အစုအပြုံလိုက် သတ်ဖြတ်ခံရခြင်း ၁ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်
DVB
·
July 29, 2022
296488254_173131905199707_4292791014096625164_n
295139834_173131938533037_5189727232183398806_n
296010512_173131975199700_8505470626642519246_n
295503960_173132008533030_7372031147351107295_n
295094166_173132038533027_4711611459629058086_n
296131224_173132071866357_1658239133920472737_n
296403494_173132138533017_2873448162653058564_n
296343589_173132175199680_8058604390372944272_n
295820014_173132235199674_5184600011406575297_n

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၇ နဲ့ ၂၈ ရက်နေ့တွေက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇီးပင်တွင်းကျေးရွာအနီးနဲ့ တောင်ပေါက်ကျေးရွာအနီးမှာ ပြည်သူ ၂၄ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

အဲဒီသတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူ ၂၄ ဦးအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ဇူလိုင် ၂၉ ရက်က ဇီးပင်တွင်းကျေးရွာအနီးရှိ ဇီးပင်တွင်းတောတိုက်နဲ့ တောင်ပေါက်ကျေးရွာအနီးရှိ ကြက်ချောင်းတောတိုက်မှာ နှစ်နေရာခွဲပြီး ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

ကနီမြို့နယ် တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတဦးက “ဒါတွေက ဘယ်လိုမှ ခွင့်လွှတ်လို့မရတဲ့ စစ်ရာဇဝတ်မှုတွေပါ။ သေဆုံးသွားတဲ့ ပြည်သူ ၂၄ ဦးနဲ့ ပတ်သက်ပြီး သူတို့ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင် ထားရှိထားပါတယ်။ အခုသေဆုံးသွားတဲ့ ပြည်သူ ၂၄ ဦးအပေါ် အောက်မေ့သတိရ အခမ်းအနား ပြုလုပ်တယ်ဆိုတာကလည်း မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်ဖွဲ့က အခုလို စစ်ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်ဆိုတာ သိစေချင်တာလည်း ပါပါတယ်” လို့ ပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၇ နဲ့ ၂၈ ရက်နေ့တွေက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာအနီးမှာ ပြည်သူ ၁၂ ဦး၊ တောင်ပေါက်ကျေးရွာအနီး ကြက်ချောင်းတောတိုက်မှာ ပြည်သူ ၁၁ ဦးနဲ့ ကနီမြို့မှာ ပြည်သူ ၁ ဦးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ ပြည်သူ ၂၄ ဦးရဲ့ အောက်မေ့ဖွယ်အခမ်းနားကိုတော့ ဒီမိုကရေစီအင်အားစုတွေနဲ့ ဒေသတွင်းရှိ တော်လှန်ရေးအင်အားစု ပြည်သူတွေ တက်ရောက်ခဲ့ကြပြီး NUG ကာကွယ်ရေးအလံတော်ကို အလေးပြုတာ၊ ခေတ်အဆက်ဆက်နဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ အာဇာနည်တွေ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ဦးညွှတ်အလေးပြုတာ၊ ကနီနယ်မှာ ဇူလိုင် ၂၇၊ ၂၈ ရက်က ကျဆုံးသွားတဲ့ နွေဦးသူရဲကောင်း ၂၄ ဦးကို အလေးပြုတာ၊ ကျဆုံးသွားသူတွေကို လွမ်းဆွတ်တမ်းတတဲ့အနေနဲ့ ၈ စက္ကန့်ငြိမ်သက်တာ၊ သွေးစည်းညီညွတ်ရေး အာဏာရှင်ဆန့်ကျင်ရေး တေးသီချင်းတွေ သံပြိုင်သီဆိုတာ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

Photo - ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024