စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ရေးအခြေအနေများကြောင့် ကလေး-တမူးလမ်း အသုံးပြုမှုကို အချိန်ကန့်သတ်လိုက်ကြောင်း ကလေး PDF က ဇူလိုင် ၂၆ရက်မှာ ထုတ်ပြန်ပါတယ်။
ကလေး-တမူးလမ်းကို ည ၉ နာရီမှ နောက်တနေ့ မနက် ၅ နာရီအတွင်း မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခြင်း လုံးဝမလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။
ကလေး PDF ရဲ့ တာဝန်ခံက “သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံရေး အန္တရာယ်နဲ့ အကျိုးဆက်တွေကို သတိပြုစေလိုတယ်” လို့ ပြောပါတယ်။
လက်ရှိ တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။
ဇူလိုင် ၂၅ ရက်ကလည်း တမူးမြို့ခံတဦးကို အမည်မသိလက်နက်ကိုင် လူတစုက ပစ်ခတ် သတ်ဖြတ်သွားခဲ့ပါသေးတယ်။