Home
မြန်မာသတင်း
ရခိုင်မြောက်ပိုင်း၌ စပါးစိုက်သူနည်းပြီး နွားမွေးသူများလာ
DVB
·
July 26, 2022
292298081_789667828722279_7177547806410089534_n

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖြစ်တဲ့ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ စပါးစိုက်ပျိုးတာ နည်းလာပြီး နွားမွေးတာတွေ များလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာမှ နွားမွေးမြူရေးလုပ်သူတဦးက "စပါးကို ဝမ်းစာလောက် စိုက်ကြတော့တယ်။ အားလုံးနွားမွေးမြူရေး လုပ်လာကြတာတယ်။ ဘာဖြစ်လိုလဲဆိုတော့ စပါးစိုက်လို့ အမြတ်မရှိတောဘူး။ စပါးစျေး မကောင်းဘူး။ နွားမွေးမြူတာက အမြတ်ရှိတယ်။" လို့  ပြောပါတယ်။

စပါးစိုက်ပျိုးရာမှာ လုပ်သားရှားပါးပြီး အလုပ်သမားစရိတ်မြင့်မားလာတဲ့အပြင် ဓာတ်မြေသြဇာ စျေးမြင့်တာ၊ စပါးစျေးနှုန်း ကျနေတာတွေကြောင့် စပါးစိုက်ပျိုးတာ ကျဆင်းပြီး နွား​မွေးမြူရေး ထွန်းကာလာနေတာလည်း ဖြစ်ပါတယ်။

မောင်တောမြို့နယ်ကင်းချောင်းကျေးရွာသာတဦးက "နွားမွေးမြူရတာက ပိုပြီးအဆင်ပြေ ပါတယ်။ နွာမ ၁၀ ကောင်လောက် မွေးရင် ၃ နှစ်အတွင်း အကောင် ၃၀ တိုးလာတယ်။ နွားအထီး အကြီး တကောင်ကို ၁၀ သိန်းဝန်းကျင်လောက်စျေးရှိတော နွားမွေးတာ အကျိုးရှိတယ်။ အစာလည်း မလိုဘူး။ ကုန်ကျစရိတ် မရှိဘူး။ ထိန်းကျောင်းပေးရုံလောက်နဲ့ အဆင်ပြေ ပါတယ်။" လို့ ပြောပါတယ်။

လက်ရှိ အသားလိုအပ်ချက်အရ ရခိုင်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော သုံးမြို့မှာ တရက်ကို နွား ၁၀ ကောင်လောက် လိုအပ်တယ်လို့ ဒေသခံ နွားသတ်လိုင်စင်စီ ယူထားသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024