Home
မြန်မာသတင်း
ကလေးမြို့တွင် ဖုန်းပြင်သင်တန်းတက်နေသည့် လူငယ် ၅ ဦး ဖမ်းဆီးခံရ
DVB
·
July 26, 2022
294690247_573742384394435_2281660507778688590_n

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဒေသကွက်ကဲမှုစစ်ဌာနချုပ်အနီးမှာ ဇူလိုင် ၂၃ ရက်နေ့က ဒကစထဲမှ ထွက်လာတဲ့ စစ်ကားတစီးကို ကလေး PDF တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခံပြီးနောက် လူငယ် ၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှူကြောင့် စစ်ကောင်စီတပ်သား ၅ ဦး ကျဆုံးသွားတယ်လို့ ကလေး PDF က ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်သားတွေက မိုင်းခွဲခံထားရတဲ့ အနီးပတ်ဝန်းကျင် စွမ်းအားဖုန်းပြင်ဆိုင်က ဖုန်းပြင်သင်တန်းတက်နေတဲ့ လူငယ် ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ကလေး PDF ရဲ့တာဝန်ရှိသူတဦးက “အဲ့ဒီဖမ်းဆီးခံရတဲ့ ဖုန်းပြင်ဆိုင်က လူငယ်တွေဟာ ကျနော်တို့မိုင်းခွဲတိုက်ခိုက်မှုနဲ့ မသက်ဆိုင်ဘူး။ စစ်ကောင်စီက မသက်ဆိုင်တဲ့သူတွေ လိုက်ဖမ်းနေတာပါ။ ကျနော်အနေနဲ့ မှာကြားချင်တာ‌ကတော့ မြို့တွင်းမှာ စစ်ရေးအရှိန်ဟုန် မြှင့်တင်နေတာကြောင့် စစ်ကောင်စီကင်းစခန်းတွေ၊ တပ်စွဲထားတဲ့နေရာတွေနဲ့ စစ်ဆေးတဲ့နေရာတွေမှာ ဒေသခံတွေအနေနဲ့ အနီးကပ်မှာမနေကြဖို့ အထူးသဖြင့် ဝေးရာမှာနေထိုင်ကြဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၅ ဦးကို စစ်ကောင်စီတပ်သားတွေက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အတွင်း ဖမ်းဆီးသွားပြီး အဆက်အသွယ်မရသေးသေးဘူးလို့ နီးစပ်တဲ့သူတဦးက ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀၀‌ ဝန်းကျင်ရှိ‌ပြီဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀‌ ကျာ်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စစ်တမ်းအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024