Home
မြန်မာသတင်း
မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
July 25, 2022
Myin Mu Mine attack

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် အလက္ကပ္ပရွာနဲ့  ဝမ်းပြည့်ရွာကြားမှာ ဇူလိုင် ၂၅ ရက် မနက် ၈ နာရီကျော်က မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို  မိုင်းဆွဲတိုက်ခိုက်ခံခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်တာကို အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) တပ်ခွဲ DK PDF(MMU)နဲ့ People Knight Defence Force Myintmu (PKDF.MMU) အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မြင်းမူဘ​က်ကနေ မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီတပ်သား ၉ ဦးကို ပဒေသာမိုင်း ၃ လုံး၊ မိုင်းဘီလူး ၁ လုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ ထိခိုက် သေဆုံးမှုလည်းရှိနိုင်တယ်လို့ (PAFD) က ထုတ်ပြန်ထားပေမဲ့  ထိခိုက်သေဆုံးသူ အရေအတွက် အတိအကျ မသိရပါဘူး။

မိုင်းဆွဲတိုက်ခိုက်အပြီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက အပြင်းအထန် လိုက်လံ ပစ်ခတ်တာရှိပေမဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024