မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ၁၉ လမ်း၊ ကန်လည်ရပ် ဦးလှထွန်းဖောင်ဒေးရှင်းအနီးမှာ ဇူလိုင် ၂၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားနဲ့အတူ မီတာလိုက်ဖတ်နေတဲ့ လျှပ်စစ်ဝန်ထမ်းတွေ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
ဗုံးခွဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်သား ၁ ဦး၊ လျှပ်စစ်ဝန်ထမ်း ၂ ဦး နဲ့ သံဃာ ၁ ပါး ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်ကြီးမြို့နယ်နေ ပြည်သူတဦးက “လျှပ်စစ်ဝန်ထမ်း တယောက်က ငယ်ပါ ထိသွားတာ။ ဆရာတော်ကတော့ စိုးရိမ်ရတယ် ထင်တာပဲ။ တချို့ကလည်း ပျံလွန်တယ်မူတယ်ဆိုပြီး ပြောကြတယ်။ မသေချာဘူး။ ဗုံးကွဲပြီး မကြာဘူး၊ လူနာတင်ကားတွေနဲ့ သယ်သွားတယ်။ ၁၉ လမ်းကိုလည်း ပိတ်စစ်တာတွေလုပ်ကြတယ်။” လို့ ပြောပါတယ်။
ဒါ့အပြင် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်သားနဲ့ အရပ်ဝတ်တချို့က အနီးနားရှိ လူငယ်တချို့ကို ရိုက်နှက်စစ်ဆေးတာတွေရှိတယ်လို့ သိရပါတယ်။