Home
မြန်မာသတင်း
မြန်အောင်တွင် စစ်ကောင်စီကိုလိုင်းကြေးပေးပြီး လောင်းကစားဝိုင်းများ ညလုံးပေါက်ပြုလုပ်နေ
DVB
·
July 22, 2022
Myan Aung Police
293818797_1384036805413992_2672535846878396024_n

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ စစ်ကောင်စီတပ်က အရာရှိတွေကို လိုင်းကြေးပေးပြီး လောင်းကစားဝိုင်းတွေကို ညလုံးပေါက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇီးကုန်းကျေးရွာမှာ တဲတွေပါထိုးပြီး လောင်းကစားဝိုင်းမျိုးစုံကို ညဘက်အထိ မီးစက်တွေမောင်းပြီး အကြီးအကျယ်ပြုလုပ်နေကြတာလို့ ဆိုပါတယ်။

ဒေသခံတဦးက “အရင်ကတော့ တိတ်တိတ်ပုန်းလုပ်တာ၊ ခုကပေါ်တင်လုပ်လာကြတာ နေ့ရော ညရောဖြစ်နေပြီ။ အဲ့ဘက်မှာ ပစ္စည်းတွေ ပျောက်တာလည်း ဆက်တိုက်ပဲ၊ ရဲသွားတိုင်လည်း မဖမ်းတော့ဘူး” လို့ ပြောပါတယ်။

လောင်းကစားဝိုင်းတွေကို ခုလိုမျိုးပြုလုပ်ဖို့အတွက် လောင်းကစားဒိုင်တွေက စစ်ကောင်စီတပ်က အရာရှိတွေ၊ စရဖနဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီတို့ကို တပတ် ၅ သိန်းပေးပြီး ပြုလုပ်နေတာ လို့ ဆိုပါတယ်။

လောင်းကစားဝိုင်းတွေကို ရဲနယ်ထိန်း ဇော်သန်းမြင့်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာတာဝန်ခံအဖွဲ့က လုံခြုံရေးယူပေးလေ့ရှိပြီး ပြည်သူတွေအားလုံးကို တော်လှန်ရေးဘက် စိတ်မပါအောင် ခွင့်ပြုပေးထားတာလို့ ဒေသခံအများစုက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024