Home
မြန်မာသတင်း
ကနီတွင် စစ်ကောင်စီတပ်ရေယာဉ်များကို ပူးပေါင်းကာကွယ်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်
DVB
·
July 20, 2022
294314615_463050538966847_2099082186214999680_n

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်မှာ ဇူလိုင် ၁၉ ရက်နေ့ ညနေပိုင်းက  ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ်တွေ စီးနင်းလာတဲ့ အမြန်ရေယာဉ်တွေကို ပူးပေါင်းကာကွယ်ရေးတပ်တွေက  ကြားဖြတ်တိုက်ခိုက်ခဲ့ကြ​တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ချင်းတွင်းမြစ်အတွင်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် စတင်ပစ်ခတ်ခဲ့ပေမယ့် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှု တစုံတရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း ဇူလိုင် ၁၈ ရက် နေ့လယ်ပိုင်းကလည်း  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ အမြန်ရေယာဉ်တစီး ပစ်ခတ်ခံရတာကြောင့် နစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။’

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကနီမြို့နယ် ရွှေစာရေးဝဲအနီးမှာ  လက်နက်ကြီးတွေနဲ့ ပူးပေါင်း  ပစ်ခတ်ခဲ့ကြတာကြောင့် နစ်မြုပ်သွားတာလို့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ရွှေစာရေးဝဲနားမှာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာတွေ ရှိပါတယ်။ ကျနော်တို့ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့်  စစ်ကောင်စီတပ်ဖွဲ့တွေ စီးနင်းလာတဲ့ အမြန်ရေယာဉ်တွေထဲက တစီးကတော့ ထိခိုက်ပြီး မြစ်ထဲ မြုပ်သွားတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံးတာရှိ၊ မရှိ အတည်မပြုနိုင်သေးဘူး။” 

စစ်ကောင်စီတပ်တွေဟာ  အမြန်ရေယာဉ် ၁၂ စီးနဲ့အတူ စီးနင်းလာလိုက်ပါခဲ့ကြပြီး သူတို့စီးနင်းလာတဲ့ အမြန်ရေယာဉ်တွေပေါ်မှာ စားနပ်ရိက္ခာ၊ စစ်လက်နက် စတာတွေ သယ်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေအကြား နှစ်ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024